To Dear Hacker
- November 13th, 2009
ဟက်ကာဆိုတဲ့ ညီလေးရေ။ မင်းကို ညီလေးလို့ ခေါ်တာက ကို့ထက်အသက်ငယ်မယ်ထင်လို့။ အသက် မငယ်ဘူး ဆိုရင်တောင် မင်းရဲ့ စဉ်းစားဆင်ခြင် ဥာဏ်က ကို့ညီငယ်လေး တစ်ယောက် သာသာပဲ ရှိလို့။ ညီလုပ်ထားတဲ့ google team ကရေးတဲ့ ပုံစံနဲ့ fake mail ကို ဟက်ကင်းတစ်ခုလို့ ပြောမိလို့လား ညီလေး။ လွယ်လွယ်ရှင်းရှင်းလေးနဲ့ လုပ်ထားတာကို သဘောကျတယ်လို့ ပြောတာပါ။ social engineering သာသာလေးပါ။ ဒါနဲ့ မြန်မာနိုင်ငံကို အကို့နိုင်ငံလို့ ညီလေးကပြောတော့ ညီလေးက တခြားနိုင်ငံကလား။ ညီလေး အမေက နိုင်ငံခြားသားနဲ့ ယူထားတော့ မင်းက မျိုးမစစ်ဖြစ်နေတာ ထင်တယ်။
(just kidding)
ကို့ဆိုဒ်နဲ့ ပတ်သတ်ပြီး တစ်ခုတော့ ပြောပြဦးမယ်ကွ။ ကိုက co.cc ကနေ ဒိုမိန်း ယူထားရတာ တစ်နှစ်ပြည့်နေပြီ။ မကြာခင် မင်းမလုပ်လည်း co.cc က လှမ်းပိတ်တော့မှာကွ။ Free hosting နဲ့ ဖရီးဒိုမိန်းယူထားတဲ့ ခက်ပေါပေါ ဆိုဒ်တစ်ခုကို ဟက်ကာကြီးတစ်ယောက်မပြောနဲ့ DDOS လေ့လာစ ကလေးတစ်ယောက်တောင် ဖျက်တတ်တယ်။ ဒါပေမဲ့ တစ်ခုပြောပြမယ်ကွ။ ဒီဆိုဒ်ကနေ ကို့အတွက် ဘာအကျိုးမှ ရခဲ့တာ မရှိဘူး။ မြန်မာတွေ ဖတ်ရှူ့ဖို့ အချိန်ရရင် တတ်နိုင်သလောက် ဆွေးနွေးပေးထားတာ လေးတွေပဲ ရှိတယ်။ မြန်မာတွေ အတွက်အကျိုးရှိအောင် လုပ်ထားတဲ့ ဘလော့တစ်ခုကို မြန်မာဖြစ်တဲ့ မင်းကဖျက်ရင်တော့ မင်းက ဘာကောင်လဲ မင်းဘာသာ မင်းပဲ စဉ်းစားကြည့်။ မင်းလုပ်မှာကြောက်လို့ ဆိုက်ကို ထည့်နေတာ မဟုတ်ဘူးနော်။
အခုဖြစ်နေတဲ့ ကိစ္စက မင်းလုပ်တဲ့လုပ်ရပ်လေး မအောင်မြင်လို့ ဒေါသထွက်နေတာ မှတ်လား ညီလေးရ။ ကိုကတော့ သူတပါးတွေ ဒုက္ခမရောက်အောင် ကြိုတင်ပြီး သတိပေးတားမြစ်လိုက်ယုံ သက်သက်ပဲ။ သူတပါးပစ္စည်းကို မလိန့်တပတ်နဲ့ ခိုးယူတယ်ဆိုတာ (အဒိန္နာဒါနာ) နဲ့ (မုသာဝါဒါ) ကံထိုက်တယ် ညီလေး။ မင်းက ဗုဒ္ဓဘာသာ တစ်ယောက်ဆိုရင်တော့ သိမှာပေါ့။ ကျန်တာတွေတော့ သိပ်မပြောချင်တော့ပါဘူးကွာ။ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးရတာကွ။ သမိုင်းမှာ အမဲစက်မထင်ပါစေနဲ့။ ငါညီကို ထက်မြတ်တဲ့ လူငယ်တစ်ယောက်လို့ ကိုမြင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ထက်မြတ်မှုကို ကောင်းတဲ့နေရာမှာ သုံးမှ အကျိုးရှိမှာကွ။ ဟက်ကင်းကို စိတ်ဝင်စားလို့ လေ့လာပြီး မကောင်းတာတွေလုပ်ပြီး ဒါငါလုပ်ထားတာလို့ ဘယ်သူမှ ထအော်လို့ မရပါဘူး။ ညီလေးကြိုးစားသမျှ အရာမ၀င် ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လေ့လာမှုကို အားပေးတယ်ညီလေး။ ကြိုက်တာကို လေ့လာလို့ ရပါတယ်။ ဒါပေမဲ့ အကောင်းနဲ့ အဆိုးကိုတော့ ခွဲခြားတတ်သင့်တယ်။ ဒါမှ ပြည့်စုံငြိမ်းချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မယ် ညီလေး။
မှန်ကန် တည့်မတ်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနိုင်ပါစေ ညီလေး
ခင်မင်စွာဖြင့်….
ရဲမာန်
———————————————————————————————
Comment: Hacker
ah my little joke has to be posted as a hack? oh my god this is great
now am i famous in your country ?ah? ha ha
do u fear? wait ? i am now trying to hack your website password
at co.cc ,ha ha,dont worry kitty i am now just trying
but if i have finished ,…………………ha ha u r dead…..
.gif)

